Local News

ဧရာဝတီ မတ်ပဲဈေးဆက်ကျနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီးမှာ မတ်ပဲအသစ်များ ဈေးကွက်အတွင်းအဝင်ရှိနေပြီး ပေါ်ကာစ ရက်ပိုင်းအတွင်း တစ်တင်းဈေးနှုန်း ကျပ် ၆၀၀၀၀ ရရှိခဲ့ပေမယ့် နောက်ရက်တွေမှာ တဖြည်းဖြည်း ဈေးကျဆင်းလာတာကိုတွေ့ရပါတယ်။ မတ်ပဲအသစ်ဈေးကျတာနဲ့အတူ မတ်ပဲဟောင်းဈေးနှုန်းက လည်း ကျပ် ၁၀၀၀ ဝန်းကျင် ဈေးအကွာနဲ့ ဈေးနှုန်းလိုက်ကျဆင်းနေပါတယ်။

တစ်ပါတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မတ်ပဲဈေးနှုန်းတွေကတော့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ မတ်ပဲသစ်ကတစ်တင်းဈေးနှုန်း ကျပ် ၅၈၀၀၀ နဲ့ မတ်ပဲဟောင်းက တစ်တင်းဈေးနှုန်း ကျပ် ၅၇၀၀၀၊ ၁၉ ရက်နေ့နဲ့ ၂၀ရက်နေ့တွေမှာ မတ်ပဲသစ်ဈေးနှုန်း ကျပ် ၅၇၀၀၀ နဲ့ မတ်ပဲဟောင်းဈေးနှုန်း ကျပ် ၅၆၀၀၀၊ ၂၁ ရက်နေ့မှာ မတ်ပဲသစ် ကျပ် ၅၈၀၀၀နဲ့ မတ်ပဲဟောင်း ကျပ် ၅၇၀၀၀၊ ၂၂ ရက်နေ့မှာ မတ်ပဲသစ် ကျပ် ၅၇၀၀၀ နဲ့ မတ်ပဲဟောင်း ကျပ် ၅၆၀၀၀၊ ၂၃ ရက်နေ့မှာ မတ်ပဲသစ် ကျပ် ၅၇၀၀၀ နဲ့ မတ်ပဲဟောင်း ကျပ် ၅၆၅၀၀၊ ၂၄ ရက်နေ့မှာ မတ်ပဲသစ် ကျပ် ၅၆၅၀၀ နဲ့ မတ်ပဲဟောင်း ကျပ် ၅၆၀၀၀၊ ၂၆ ရက်နေ့မှာ မတ်ပဲသစ် ကျပ် ၅၅၇၀၀ နဲ့ မတ်ပဲဟောင်း ကျပ် ၅၅၅၀၀ အသီးသီး ဖြစ်ခဲ့ပါတယ်။

အခြားပဲအမျိုးအစားတွေထဲမှာလဲ ယခုရက်ပိုင်းမှာ ပဲတီစိမ်းအနီက ယခင်တစ်တင်းဈေးနှုန်း ကျပ် ၉၀၀၀၀ အထက်ကနေ ယခုဈေးနှုန်း ကျပ် ၉၀၀၀၀အောက်ကျဆင်းသွားတာကလွဲလို့ ကျန် ပဲအမျိုးအစားများမှာ ဈေးငြိမ်နေတာ၊ ဈေးအနည်းငယ်တက်လာတာတွေ့ရပါတယ်။ မတ်ပဲတမျိုး တည်းသာ တဖြည်းဖြည်းဈေးအကျဘက်ကို ဆင်းနေတာဖြစ်ပါတယ်။

အဓိက မတ်ပဲဈေးကွက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာလည်း ချနိုင်းဈေးကွက်မှာ မတ်ပဲဈေး ကျဆင်း နေကြောင်းသိရပါတယ်။ ခရစ်စမတ်နဲ့ နှစ်သစ်ကူးပိတ်ရက်တွေကြောင့် အရောင်းအဝယ် ကျဆင်း နေပြီး မြန်မာဘက်ကလည်း မတ်ပဲရောင်းလိုအားကျနေပါတယ်။ ဒီဇင်ဘာလအထိ ချနိုင်းဆိပ်ကမ်း ကို မတ်ပဲဝင်ရောက်မှုက တန်ချိန် ၃၁၀၀၀ ဖြစ်ပါတယ်။ တင်သွင်းသမျှ မတ်ပဲအားလုံးဟာလည်း ဈေးကွက်ထဲတန်းရောက်ပြီး ဝယ်လိုအားကောင်းနေတယ်လို့ဆိုပါတယ်။

မြန်မာဘက်ကမတ်ပဲအသစ်က မတ်လလောက်မှ စတင်ပြီး အိန္ဒိယကိုတင်သွင်းမယ်လိူ့ ခန့်မှန်းထားပြီးတော့ မတ်ပဲဟောင်းကလည်း လက်ကျန်နည်းနေတဲ့အတွက် မြန်မာကုန်သည် တွေဘက်က ဈေးအနိမ့်နဲ့ ရောင်းချလိုခြင်းမရှိကြဘူးလို့ Agri World Mumbai ကဖော်ပြထား ပါတယ်။

အိန္ဒိယနိုင်ငံအတွက် နောက် ၁၀ လအတွင်းမတ်ပဲလိုအပ်ချက်တွက်ချက်မှုအရ မိုးစိုက် မတ်ပဲ လက်ကျန် တန်ချိန် ၆-၇ သိန်း၊ ဆောင်းမတ်ပဲ တန်ချိန် ၃-၃.၅ သိန်း၊ ပြည်ပကနေတင်သွင်းရမှာက တန်ချိန် ၅-၆သိန်း၊ စုစုပေါင်း တန်ချိန် ၁၆-၁၆.၅ ရှိမယ်လို့ ခန့်မှန်းကြောင်း Agri World Mumbai ကဖော်ပြထားပါတယ်။

 

Category: Local News